Monday, 17 August 2009

.

ကဲ သူငယ်ချင်းတို့ရေ ဒါလေးကတော့ ဘလော့အသစ်လေးနော်၊ ကိုရီးယားအကြောင်းတစေ့တစောင်း လေ့လာကြရအောင်။ ကိုရီးယားလို့ ဆိုလိုက်တာနဲ့ ဂျွန်စော၊ အွန်စောဆိုပြီး ပြေးမြင်ကြတော့မှာ အမှန်ပါပဲ၊ကျနော်တို့နိုင်ငံမှာက မိန်းကလေး၊ ယောင်္ကျားလေး တော်တော်များများ ဆိုသလိုပဲ ကိုရီးယားဇာတ်ကားထဲက အကျင့်လေးတွေ၊ ၀တ်စားဆင်ယင်မှုလေးတွေ လွှမ်းမိုးနေပြီကိုး၊ အဲဒါတွေကို နောက်မှ ကိုရီးယားရဲ့ ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုများနှင့် လက်ရှိအခြေအနေ ဆိုပြီး သီးသန့်တင်ပြသွားပါ့မယ်၊ လောလော ဆယ် ကျနော် တင်ပြချင်တာက နိဒါန်းလေး တစ်ခုပါ။
******** ကိုရီးယားနိုင်ငံက ကျွန်းနိုင်ငံတစ်ခုသာဖြစ်ပါတယ်၊ ကျွန်းနိုင်ငံဆိုပေမယ့်လည်း တောင်ကုန်းတောင်တန်းတွေက တော်တော်လေး ထူထပ်ပေါများလှတယ် ။ နိုင်ငံပတ်လည်မှာတော့ ပင်လယ်ဝါ၊ အရှေ့ပင်လယ်နဲ့ တောင်ပင်လယ် စတာတွေက ၀န်း ရံထားတယ်။ ကိုရီးယားရဲ့ ခေါင်မိုးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ( Kaema Plateau) ကျွန်းဟာဆိုရင် ကိုရီးယားကျွန်းဆွယ်ရဲ့ အနောက်မြောက်ပိုင်းမှာ တည်ရှိပြီး အမြင့်ပေအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် ၁၅၀၀ မီတာခန့်မှာ ရှိတယ်လို့ သမိုင်းမှာ ရေးသားထားတာကို တွေ့ရပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ထင်ရှားတဲ့နောက်ထပ် ကျွန်းတစ်ကျွန်းကတော့ (Jeju-d0) ဂျေဂျူဒိုကျွန်း ပါ။
********ဒါလေးကတော့ ကိုရီးယား-ဂျပန်စစ်ပွဲမှာ တိုက်ခိုက်ခဲ့တဲ့ ကိုရီးယားစစ်သူကြီး လီဆွန်ရှင်း ( Yi Sun-sin) ရဲ့ တိုက်ခိုက်ရေးသင်္ဘောပေါ့။

No comments:

Post a Comment

အကြံပြုချက်လေးတွေပေးသွားကြပါဦးခင်ဗျာ...