(၉-၈-၂၀၀၉) ရက်နေ့က Seoul Grand Park ကို ရောက်ဖြစ်ခဲ့ပါတယ်။ ဒီပုံလေးက Seoul Grand Park အ၀င်နားလေးက ပုံလေးပါ၊ ကားရထားစီးပြီး လက်မှတ်ဖြတ်ပြီး ၀င်ဝင်ချင်းပဲ သီချင်းတီးလုံးလေးတွေ ဖွင့်ပြရင် ဗရိတ်တန့် ကိုရွှေဗျိုင်းကလေးတွေကို တွေ့ခဲ့တယ်ဗျ။ Movie ကိုတော့နောက်မှပဲ တင်ပေးပါ့မယ်။ လောလောဆယ်တော့ပုံလေးပဲ ကြည့်ပါဦး။ တိရိစ္ဆာန်တွေရဲ့ ရှေ့မှာရပ်နေတဲ့သူကတော့ အဲဒီ ဗရိတ်တန့်
ကတဲ့ ဗျိုင်းလေးတွေကို ကိုယ်ဟန်မူရာနဲ့ စေခိုင်းေ
နတဲ့သူပေါ့။
ကတဲ့ ဗျိုင်းလေးတွေကို ကိုယ်ဟန်မူရာနဲ့ စေခိုင်းေ
နတဲ့သူပေါ့။ ဒီပုံလေးက ကိုရီးယားဇာတ်ကား ဖျံဆရာကားရိုက်တဲ့နေရာလေးပါ။ အရမ်းလိမ္မာတဲ့ ဖျံလေးတွေရှိတယ်။ ရေထဲမှာသွားနေတဲ့ ဖျံလေးတွေက ဖျံဆရာပစ်လွှတ်လိုက်တဲ့ ကွင်းလေးတွေကို မိအောင် ရေထဲကနေ အဆောတလျင်ပြေးပီး ခေါင်းနဲ့စွပ်တယ်လေ။ ကြည့်တဲ့ပရိတ်သတ်ထဲကနေ လှမ်းပစ်လိုက်တဲ့ကွင်းတွေကို လည်း သူတို့ ဦးခေါင်းနဲ့မိအောင် စွပ်နိုင်အောင် ဖမ်းနိုင်တယ်ဗျ။ တော်တော်လေး ကြည့်လို့ကောင်းတယ်။ ၀င်ကြေးကတော့ ဘယ်လောက်မှန်းမသိပါဘူး။ ကျနော်တို့က အ၀င်ကတည်းက အပြတ်စီးလက်မှတ်ဝယ် ခဲ့လို့လေ။


No comments:
Post a Comment
အကြံပြုချက်လေးတွေပေးသွားကြပါဦးခင်ဗျာ...