ဒါလေးကတော့ ဆိုးလ်မြို့ ရဲ့ အထင်ကရနေရာလေး တစ်နေရာ ဖြစ်တဲ့ (Seoul Tower )ခေါ်(Nam san Tower)ကို မိသားစုနဲ့အတူ သွားရောက်ခဲ့စဉ်က အမှတ်တရပုံလေးပေါ့။ အဲဒီနေ့က ကျနော်
ကိုရီးယားကို ရောက်တာ (၁၅)ရက် (လ၀က်)ပဲ ရှိသေးတယ်။ အိမ်ကနေ မနက် (၉)နာရီကတည်း ထွက်သွားတာ ညနေမိုးချုပ်မှဘဲ အိမ်ပြန်ရောက်တော့တယ်ဗျို့ ။တောင်ပေါ်ကို လမ်းလျှောက်တက်လို့ လည်းရတယ်။ ဘတ်စ်ကားနဲ့ တက်လို့လည်းရတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ဘတ်စ်ကားနဲ့ပဲ သွားဖြစ်ခဲ့ပါတယ်။ ဆောင်းတွင်း ကာလ အေပြီလ တွင်းဆိုတော့ အရမ်းအေးတာပဲဗျို့။ အနွေးထည် ကလည်းအထူကြီးဝတ်ထားတာတောင် တောင်ပေါ်ရောက်သွား တာနဲ့အပေါ်သွားနဲ့ အောက်သွားဆက်တိုက်မိတ်ဆက်နေကြလေရဲ့ ဗျာ။ရောက်ရောက်ချင်းမို့ တော်တော်အေးတဲ့ ကိုးရီးယားပါလား ဆိုပြီး မှတ်ချက်ချမိပါတော့တယ်။တောင်ပေါ်ရောက်သွားတော့ ခိုကလေး တွေကို အစာကျွေးတယ်။ တောင်ပေါ်ကနေ ဆိုးလ်မြို့ ရဲ့ မြင်ကွင်းကို ကောင်းကောင်း ကြည့်ခွင့် ရခဲ့ပါတယ်။ ဓါတ်ပုံလေးထဲက အလယ်ကပုံကတော့ အသက်တစ်နှစ်နဲ့တစ်လ ရှိပြီဖြစ်တဲ့ ကျနော့် အချစ်ဆုံး တစ်ဦးတည်းသော သမီးလေးပါ။ နာမည်ကတော့ သွန်းလဲ့ရွှေရည်ဦး တဲ့။ အခုတော့ အသက် (၂)နှစ်ပြည့်ခဲ့ပြီလေ။

| Add caption |
No comments:
Post a Comment
အကြံပြုချက်လေးတွေပေးသွားကြပါဦးခင်ဗျာ...