ထမင်းဆိုင်အ၀င်မှ ကြော်ငြာလေးတစ်ခု
ကိုရီးယား ကင်မ်ချီပြုလုပ်သည့် စဉ့်အိုးများကို ရာနှင့်ချီပြီး တွေ့ခဲ့ရစဉ်
Andong City တွင် သစ်သားဖြင့် လူပုံရုပ်တုများကို ထွင်းထုထားပုံ
ဒီပုံလေးတွေကတော့ ထွင်းထုထားတဲ့လက်ရာလေးတွေကို ဆိုင်ပေါ်တင်ပြီး ဧည့်သည်တော်တွေကို လက်ဆောင်အဖြစ် ရောင်းချပေးတဲ့ နေရာလေးတွေပေါ့ဗျာ။
ဒါကတော့ ညောင်ပင်ကြီးတစ်ပင်ပါ။ ဆုတောင်းပြည့်ညောင်ပင်လို့သိရပါတယ်။ အဲဒီညောင်ပင်ကြီးကို ၀ိုင်းထားတဲ့ ကြိုးတွေရှိတယ်လေ။ ကိုယ်လိုချင်တဲ့ဆုကို စာရွက်ကလေးတစ်ရွက်ပေါ်မှာရေးကြီး အဓိဌာန်နဲ့ အဲဒီကြိုးပေါ်မှာ ချည်ပေးရတယ်လေ။ ကျနော်ကတော့ တခြားဆုမတောင်းခဲ့ပါဘူး။ ဆုတစ်ခုပဲတောင်းခဲ့ တယ်။ အဲဒါက ကိုရီးယားထီ (LOTTO) ပေါက်ပါစေပေါ့။ ဒါပေမယ့် အခုထိတော့ ဆန္ဒမပြည့်သေးဘူးဗျ။
အဲဒီကနေ ခရီးဆက်ခဲ့ရာမှာတော့............
အပေါ်က ပုံလေးတွေကတော့ Nakdonggang လို့အမည်ရတဲ့ မြစ်ကမ်းနဘေးတစ်နေရာလေးပါ။ အရမ်းသာယာလှပတယ်ဗျ။ အဲဒီနေ့က ဒီဘက်ကမ်းမှာတော့ ပုံမှာမြင်တဲ့အတိုင်း ကိုရီးယားလိုအကတွေ၊ အဆိုတွေနဲ့ပွဲတော်ကြီးဖြစ်နေတယ်။ လူတွေကလည်း ကြိတ်ကြိတ်တိုးပဲ။ ကျနော်တို့အဖွဲ့တွေတောင် အဲဒီမှာ လူတွေကွဲကုန်လို့ ပြန်စုတာ အချိန်တော်တော်ကုန်သွားတယ်။ မြစ်ရဲ့ဟိုဘက်ကမ်းပါးယံကတော့ အမြင့်ကြီးပဲ။ ဒီဘက်ကမ်းကနေ လှေနဲ့ဟိုဘက်ကမ်းကိုကူးရတယ်။ ဟိုဘက်ရောက်ရင် အဲဒီတောင်ပေါ်ကို ပတ်ပြီးတက် ရတယ်။ တောင်ထိပ်မှာမြင်နေရတဲ့သူတွေကတော့ ဒီဘက်ကမ်းကို စတီးကြိုးနဲ့ မြစ်ပေါ်ကနေဖြတ်ပြီး စီးလာတဲ့ နေရာမှာ ရပ်နေကြတာပါ။ အဲဒီနေ့ကတော့ တစ်ယောက်မှ စတီးကြိုးစီးတာ မတွေ့ခဲ့ရဘူးဗျ။ အဲဒီ မှာက သူ့ရာသီနဲ့သူ ရှိတယ်ဆိုပဲ။ အဲဒီမှာတော့ ဒါလောက်ပါပဲ။ တခြားတော့ အထူးထွေမရှိပါဘူး။ ကိုရီးယား ရိုးရာ ရှေးဟောင်းကျေးလက်နေအိမ်တွေ၊ လူနေမှု့အသုံအဆောင်တွေကို လုံးဝမပျက်စီးစေပဲ ထိန်းသိမ်းထား ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ပြသထားတာပါ။ ယူနစ်စကို မှတ်တမ်းဝင် ကျေးရွာလေးလို့ သိခဲ့ရပါတယ်။ အဲဒီနေ့ (၂၄-၉-၂၀၁၀) ရက်နေ့ တစ်နေ့လုံးတော့ အဲဒီမှာတင်အချိန်ကုန်သွားတယ်ဗျ။ ညအိပ်ဖို့အတွက် ဘူဆန်ဆိပ်ကမ်းမြို့အနားက လုံးချင်းအိမ်တွေငှားတဲ့နေရာလေးကို ဆက်လက်ချီတက်ခဲ့ကြပါတယ်။ အစား အသောက်တွေကလည်း Ready လုပ်ခဲ့တာကြောင့် သိပ်ပြီးအခက်အခဲမဖြစ်ခဲ့ပေမယ့်၊ အဲဒီမှာ ဆိုဂျူ(ကိုရီးယားအရက်)သောက်ဖို့ တော်တော်လေးကြံဖန်ခဲ့ရတာဗျ၊ မိုးကလည်းချုပ်၊ ဆိုင်တွေကလည်းပိတ် ဆိုတော့ ဘယ်မှ ၀ယ်မရတာနဲ့ အိမ်ပိုင်ရှင် အာဂျူးမ (အဒေါ်) က သူ့မှာရှိတဲ့ ဆိုဂျူ(၃)လုံးမျှပေးတယ်လေ။ ဒါပေမယ့်လည်း လူကများတော့ မလောက်ရေးချမလောက်။ ဒါပေမယ့် ကျနော်တို့ မက်ဂျူး (ဘီယာ) နှစ်ဖာ သယ်သွားလို့ အဆင်ပြေသွားတယ်။ ညအိပ်ခဲ့တဲ့အိမ်ကလေးကိုတော့ အမှတ်တရဓါတ်ပုံလေး ရိုက်ခဲ့သေးတယ်။ ဒီမှာလေ............













No comments:
Post a Comment
အကြံပြုချက်လေးတွေပေးသွားကြပါဦးခင်ဗျာ...